ရှမ်းပြည်နယ်၌ မက္ကဒေးမီးယားသီးနှံ၁၀ ဧကနှင့်အထက် စိုက်ပျိုးသူ ၃,၀၀ကျော် ရှိလာကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ သိရသည်။ မက္ကဒေးမီးယားသီးနှံကို ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ဧက ၁၅၀၀၀ ကျော်ရှိခဲ့ပြီး ၅,၀၀၀ ကျော် ရိတ်သိမ်းကာ တန်ချိန် ၁၀၀၀ ကျော် ထွက်ရှိခဲ့ရာ လတ်တလောတွင် ရှမ်းပြည်နယ်၌ ၁၀ ဧကနှင့်အထက် စိုက်ပျိုးသူ ၃၄၁ ဦးရှိပြီး ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ကောင်းများ အသုံးပြုစိုက်ပျိုးလာကြကာ (G.A.P) လက်မှတ်ရရှိပြီးသူ တောင်သူ၆၇ ဦးအထိ ရှိလာကြောင်းသိရသည်။
ထို့အပြင် ပြည်ပပို့ကုန်အနေဖြင့်၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် တန် ၁၅၀ ခန့် တင်ပို့ နိုင်ခဲ့ပြီး ပြည်တွင်းစားသုံးမှုပမာဏအနေဖြင့် တန် ၅၀ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ သီးနှံနှင့် ပတ်သက်၍ ဒေသတွင်းရှိ ခြံငယ်ရှင်များ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာအခက်အခဲများရှိပါက နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး နည်းပညာဖွံဖြိုးတိုးတက်လာစေရန် ကုန်ကြမ်းအဖြစ် ထုတ်လုပ်ရောင်းချနေခြင်းမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်တွင်းစားသုံးမှုအပြင် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိစေရန်စသည့် ရည်ရွယ်ချက်သုံးခုဖြင့် ဆောင်ရွက်နေကြောင်းသိရသည်။



