ဆွစ်ဇာလန်နိုင်ငံ၏ လူဦးရေကို အမြင့်ဆုံး ၁၀ သန်း အထိသာ ကန့်သတ်ထားရှိမည့် အဆိုပြုချက်အပေါ် လူထုဆန္ဒခံယူပွဲတစ်ရပ်ကို လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။အဆိုပါ အဆိုပြုချက်ကို ဆွစ်ဇာလန်လွှတ်တော်၏ အင်အားအကြီးဆုံးဖြစ်သော လက်ယာစွန်း ဆွစ်ပြည်သူ့ပါတီ (SVP) က တင်သွင်းခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်း ရွှေ့ပြောင်းဝင်ရောက်သူများကြောင့် လူဦးရေ အလျင်အမြန် တိုးပွားလာမှုကို ထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အဆိုပါမူဝါဒအရ လူဦးရေ ၉.၅ သန်း သို့ ရောက်ရှိလာပါက အစိုးရအနေဖြင့် ပြည်ပနိုင်ငံသား ဝင်ရောက်မှုကို စတင်ကန့်သတ်ရမည်ဖြစ်ပြီး၊ ၎င်းကန့်သတ်ချက်တွင် ဒုက္ခသည်များနှင့် မိသားစုဝင်များ ပြန်လည်ခေါ်ယူနေထိုင်မှုများလည်း အကျုံးဝင်မည်ဖြစ်သည်။ SVP ပါတီသည် လူဝင်မှုကြီးကြပ်ရေးကိစ္စရပ်များတွင် သဘောထားတင်းမာသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
Feb 15 • 5:57 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


