back

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်

Feb 15 • 2:48 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာနတွင် Youth Club နှင့်စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့ကြော...

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း)Community Centreခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ထို့နောက်တက်ရောက်လာကြသည့်Youth Club အဖွဲ့ဝင်များက"တန်ဖိုးအရှိဆုံးအရာ" ၊ "အောင်မြင်မှုခရီး" ၊ "လူငယ်နှင့်အနာဂတ်" ၊ " စာဖတ်လေလေတိုးတက်လေလေ" အစရှိသောခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားပြီး စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။အဆိုပါ စာဖတ်ဝိုင်းများကို ပြည်သူများနှင့်လူငယ်များစာပေ ဖတ်ရှုသည့်အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

35