ရခိုင်ပြည်နယ်၊ကျောက်တော်တောင်က ထောင်နဲ့ချီတဲ့မျောက်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်နေ

Feb 15 • 1:42 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊ကျောက်တော်တောင်က ထောင်နဲ့ချီတဲ့မျောက်တွေကို ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်နေ

ရခိုင်ပြည်နယ်၊ကျောက်တော်တောင် ရေရှည်သာယာတင့်တယ်နိုင်ရေးနဲ့ တောင်ကို မှီခိုနေရတဲ့မျောက်တွေအတွက် အာရက္ခပြည်သူ့အစိုးရအပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အရပ်သားတွေစုပေါင...

ရခိုင်ပြည်နယ်၊ကျောက်တော်တောင် ရေရှည်သာယာတင့်တယ်နိုင်ရေးနဲ့ တောင်ကို မှီခိုနေရတဲ့မျောက်တွေအတွက် အာရက္ခပြည်သူ့အစိုးရအပြင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အရပ်သားတွေစုပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုအပ်တယ်လို့ ကျောက်တော်တောင်ဘုရားဂေါပကအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။ကျောက်တော်တောင်မှာ မျောက်အုပ်စု ခုနစ်ဖွဲ့ရှိပြီး တောင်ခြေရင်း၊ တောင်လယ်နဲ့ တောင်အပေါ်ဆုံးတို့မှာ သူ့အဖွဲ့နဲ့သူ အုပ်စုဖွဲ့ပြီးနေတတ်ကြောင်း သိရပါတယ်။လက်ရှိတွင်ကျောက်တော်တောင်ဘုရားသို့ ဘုရားဖူးဧည့်သည်များ လာရောက်မှု နည်းပါးနေသဖြင့်မျောက်များမှာ အစာဝဝလင်လင်မစားရသောကြောင့် တောင်အနီးကစ္ဆပနဒီတံတားပေါ်သို့တက်၍တံတားပေါ်မှဖြတ်သန်းသွားလာသူများထံမှ အစာများတောင်းစားနေကြသည်ဟု ကျောက်တော်ဒေသခံများက ပြောသည်။

news-view-count-icon

52