ဂျပန်နိုင်ငံမှာ အလုပ်သမားမလုံလောက်မှုကြောင့် onigiri ထမင်းဆုပ်တွေ၊ အစာညှပ်ပေါင်မုန့်တွေနဲ့ တခြားစားသောက်ကုန်တွေ ပို့ဆောင်ပေးတဲ့အကြိမ်ရေကို လျှော့ချနေတယ်လို့ Seven-Eleven Japan က ပြောလိုက်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လက်လီကုန်စုံဆိုင်လုပ်ငန်း လုပ်ဆောင်တဲ့ အဲဒီကုမ္ပဏီက ပို့ဆောင်မှုတွေကို တစ်နေ့ ၃ ကြိမ်ကနေ ၂ ကြိမ်အထိ လျှော့ချနေပါတယ်။ အဲဒီလျှော့ချမှုတွေကို အခုသီတင်းပတ် တနင်္လာနေ့ကစပြီး Hokkaido က စားသောက်ကုန်ပြုပြင်ထုတ်လုပ်တဲ့ စက်ရုံတချို့မှာ စတင်ခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုကြောင့် အလုပ်သမားကုန်ကျစရိတ် ၁၀ ရာခိုင်နှုန်းလောက် လျှော့ချနိုင်မယ်လို့ မျှော်လင့်ရတယ်လို့ အဲဒီကုမ္ပဏီက ပြောပါသည်။



