ယမန်နေ့ နံနက် ၁၁ နာရီခန့်တွင်ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မွေးကင်းစကလေးအား စက်သုံးဆီဆိုင် အိမ်သာတစ်ခုအ တွင်း စွန့်ပစ်ထားခဲ့ကြောင်း ဒေ သခံ သတင်းရင်းမြစ်များထံမှ သိရသည်။စွန့်ပစ်သွားသူမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မသိရသေးဘဲ က လေးမှာမူ ယောကျာ်းလေးဖြစ် ကြောင်းသိရသည်။ယင်းကလေးကို လက်ရှိအချိန်တွင် မွေးစားမည့်သူထံ အပ်နှံပေးခဲ့ပြီ ဖြစ်ပြီး အမည်ကိုလည်း မောင်ကံကောင်းဟု ပေးခဲ့ကြောင်း ကိုလှမိုး တာချီလိတ်လူမှုကူညီရေးအသင်းက ထုတ်ပြန် သည်။



