UFC-327 တွင် ဂျိုရှုအာဗန်နှင့် တက်ဆူရိုတိုင်ရာတို့၏ ချန်ပီယံခါးပတ်ကာကွယ်ပွဲ ပါဝင်လာနိုင်ဟု သတင်းထွက်ပေါ်

Feb 14 • 6:37 AM

breaking-news

Myanmar

International

cover

UFC-327 တွင် ဂျိုရှုအာဗန်နှင့် တက်ဆူရိုတိုင်ရာတို့၏ ချန်ပီယံခါးပတ်ကာကွယ်ပွဲ ပါဝင်လာနိုင်ဟု သတင်းထွက်ပေါ်

မြန်မာ MMA ဖိုက်တာ၊ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန်နှင့် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာတို့၏ ချန်ပီယံခါးပတ်ကာကွယ်ပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် အမေရိက...

မြန်မာ MMA ဖိုက်တာ၊ UFC ဖလိုင်းဝိတ်တန်းချန်ပီယံ ဂျိုရှုအာဗန်နှင့် ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာတို့၏ ချန်ပီယံခါးပတ်ကာကွယ်ပွဲကို လာမည့် ဧပြီလ ၁၁ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မီယာမီမြို့၌ ကျင်းပမည့် UFC-327 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပလာနိုင်ကြောင်း ကမ္ဘာ့ MMA သတင်းစာမျက်နှာများက သုံးသပ်ဖော်ပြနေကြသည်။ ဂျိုရှုအာဗန်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ပန်တိုဂျာကို အနိုင်ယူကာ ချန်ပီယံဖြစ်လာခဲ့သူဖြစ်ပြီး၊ တက်ဆူရိုတိုင်ရာမှာလည်း နောက်ဆုံးပွဲတွင် ဘရန်ဒန်မိုရီနိုကို အလဲထိုးအနိုင်ယူထားကာ ချန်ပီယံစိန်ခေါ်ခွင့်ပေးမည်ဟု ဒေနာဝှိုက်၏ ကတိရရှိထားသူဖြစ်သည်။ လက်ရှိတွင် UFC-327 အတွက် တွဲဆိုင်းအချို့ ထွက်ပေါ်လာသော်လည်း Co-Main Event နေရာမှာ လစ်လပ်နေဆဲဖြစ်သဖြင့် ယခုအာရှသားအချင်းချင်း ထိပ်တိုက်တွေ့မည့် ချန်ပီယံကာကွယ်ပွဲမှာ အဆိုပါနေရာတွင် ပါဝင်လာမလားဆိုသည်ကို ပရိသတ်များက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

news-view-count-icon

16