ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ စက်မှု (၁) လမ်းတွင် ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော Level 1 အဆင့် မီးလောင်မှုအတွင်း မီးလောင်ကျွမ်းနေသည့် ကြမ်းခင်းအောက်မှ ကြောင်ပေါက်လေးတစ်ကောင်ကို ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ည ၉ နာရီ ၉ မိနစ်တွင် မီးငြိမ်းသတ်ပြီးနောက် ရှာဖွေရေးလုပ်ဆောင်ရာ၌ "ကိုပူတူးနှင့်ဘော်ဒါများ" လူမှုကူညီရေးအသင်းနှင့် သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးတို့က နှုတ်ခမ်းမွှေးများ ကောက်ကုန့်ပြီး ခန္ဓာကိုယ်တွင် မီးလောင်ဒဏ်ရာများ ရရှိထားသည့် အဆိုပါကြောင်လေးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ကြောင်လေးအား AMSC ဆေးခန်းသို့ ပို့ဆောင်၍ ညတွင်းချင်း ကုသမှုများ ပြုလုပ်ပေးထားပြီး၊ ပြန်လည်သက်သာလာပါက မူလပိုင်ရှင်ထံ ဆက်သွယ်အပ်နှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Feb 14 • 6:36 AM
Myanmar
Yangon
Share
| 26 | 0 | 0 | 0 |


