မြစ်ကြီးနားမြို့ရှိ ရွှေဆိုင်များနှင့် ရွှေရောင်းဝယ်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

Feb 14 • 4:51 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့ရှိ ရွှေဆိုင်များနှင့် ရွှေရောင်းဝယ်မှုလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး (၂) အတွင်းရှိ ရွှေနှင့် ဓာတ်သတ္တုရောင်းဝယ်ရေး လုပ်ငန်းများအား သတ်မှတ်ထားသော ဌာနဆိုင်ရာခွင့်ပြုချက် ရှိ/မရှိကို ဖေဖေ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေး (၂) အတွင်းရှိ ရွှေနှင့် ဓာတ်သတ္တုရောင်းဝယ်ရေး လုပ်ငန်းများအား သတ်မှတ်ထားသော ဌာနဆိုင်ရာခွင့်ပြုချက် ရှိ/မရှိကို ဖေဖော်ဝါရီ ၁၁ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ဦးဆောင်သော အဖွဲ့သည် OVI ကုန်တိုက်အတွင်းရှိ ဆိုင်များနှင့် ရွှေစင်ဦး၊ ဇမ္ဗူရာဇ်၊ ရွှေဆန်းလီ ရွှေဆိုင်များသို့ သွားရောက်ကာ လက်ဝတ်ရတနာနှင့် ရွှေကြမ်းထည်ပစ္စည်းများအား ညွှန်ကြားချက်များနှင့်အညီ ရောင်းဝယ်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးက လုပ်ငန်းရှင်များအနေဖြင့် စည်းကမ်းချက်များကို တိကျစွာလိုက်နာရန်နှင့် လိုက်နာမှုမရှိပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

news-view-count-icon

19