တောင်ကြီးမြို့ ရပ်ကွက်များတွင် အမှိုက်သိမ်ကားပုံမှန်မလာ၍ ရေမြောင်းများထဲတွင် စည်းကမ်းမဲ့အမှိုက်ပစ်ချမှု ပိုဆိုးရွားလာကြောင်း ဖေဖော်ဝါ ရီ (၁၃)ရက်ကဒေသခံထံ သိရသည်။ယခင်က အသန့်ရှင်းဆုံးမြို့ အဖြစ်သတ်မှတ်ခံခဲ့ရသည့်ရှမ်းပြည်နယ်မြို့ တော် တောင်ကြီးမြို့သည် လူဦးရေများလာသည်နှင့်အမျှ အမှိုက်များကို စည်းကမ်းမဲ့စွာ ပစ်ချမှုများကြောင့် ရေမြောင်းထဲ ရေပိတ်ဆို့မှု၊ အနံ့ဆိုးမှုများ ရှိနေကြောင်း သိရသည်။ရပ်ကွက်အတွင်းနေ ပြည်သူအချို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ညောင်ဖြူစခန်းနှင့် ရတနာသီရိဘက်ရှိ ရေမြောင်းတွင် အမှိုက်များဖြင့် ပြည့်နှက်နေကြောင်း ဒေသခံကဆိုသည်။တောင်ကြီးမြို့သည် အသန့်ရှင်းဆုံး မြို့တော်အဖြစ် သတ်မှတ်ခံထားခဲ့ရသော်လည်း ယခုတွင် စည်း ကမ်းမဲ့အမှိုက် စွန့်ပစ်မှုကြောင့် လူပြောများနေကြောင်း သိရသည်။



