back

မြစ်ကြီးနားမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

Feb 13 • 2:14 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကိုပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်၍ နိုင်ငံတော်အလံတင်ပွဲ၊ သဝဏ်လွှာဖတ်ပွဲ၊ အားက...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကိုပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်၍ နိုင်ငံတော်အလံတင်ပွဲ၊ သဝဏ်လွှာဖတ်ပွဲ၊ အားကစားပြိုင်ပွဲအမျိုးမျိုးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခြေခံပညာ ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုတာ၀န်ရှိသူများကပေးအပ်ခဲ့ကြောင်းသိရသည်။အားကစားလှုပ်ရှားမှုအဖြစ် Zumba Festival စုပေါင်းအက၊အမျိုးသမီးအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ရိုးရာခြင်းလုံးအလှခတ်ပြိုင်ပွဲ၊ အလွတ်တန်းဘိလိ ယက်နှင့်စနူကာပြိုင်ပွဲ၊ရေကူးပြိုင်ပွဲ၊အလွတ်တန်းစစ်တုရင်ပြိုင်ပွဲ၊ကလေးငယ်များအတွက် ခေါင်းအုံးရိုက်၊ အားလူကောက်၊ ဂုံနီအိတ်စွတ်အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အပြေးပြိုင်ပွဲများ၊ ဘောလုံးပစ်ဖမ်းပြိုင်ပွဲ၊ အဆိုပါအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ‌ပေးအပ်ခဲ့ကြောင်း သိရသည်။



news-view-count-icon

37