ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။လက်ရှိစုံးစမ်းရရှိထားချက်အရ ဖေဖော်ဝါရီလ ပထမတစ်ပတ်ကျော်အတွင်း လျှစ်စစ်မီးကြိုးခိုးခံရတဲ့ဖြစ်စဉ် ၃ ခုကြိမ်ထိဖြစ်ခဲ့ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကွက်သစ်ဘက်မှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။



