ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန အထွေထွေ ညွှန်ကြားရေးမှူးချုပ် ၀န်ကြီး ဒေါက်တာ Kun Nhem က ကမ္ဘောဒီးယား ပြည်သူများ ထိုင်းကုန်ပစ္စည်းများကို သပိတ်မှောက်နေသော်လည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၅၁ သန်းကျော်ရှိကြောင်း အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
တင်သွင်းလာသော ကုန်စည်အများစုမှာ လယ်ထွန်စက်၊ ကောက်ရိတ်စက် စသည်တို့အပါအဝင် လယ်ယာသုံး စက်ကိရိယာများ အပါအဝင် စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးအတွက် အထောက်အကူ ပြုသည့် စက်ကိရိယာများဖြစ်ပြီး အချို့သော စက်မှုလုပ်ငန်းကြီးများအတွက် သွင်းအားစုများဖြစ်သည့် ဂျပန်ကုမ္ပဏီများနှင့် အခြားကုန်ပစ္စည်းအမျိုးအစားမှာ ကားနှင့် မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သည့် ကုမ္ပဏီအချို့၏ ပြုပြင်ထိန်းသိမ်းမှုတွင် တပ်ဆင်အသုံးပြုသည့် စက်ကိရိယာများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
နေ့စဉ်အသုံးပြုရန် တင်သွင်းလာသော ကုန်ပစ္စည်းများတွင် လောင်စာဆီ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကဲ့သို့ တားမြစ်ထားသော ကုန်ပစ္စည်းများမှာ သုည ရာခိုင်နှုန်းအထိ ၆၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း ၎င်းက ပြောသည်။



