back

ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာစွန်ဖြတ်ပြိုင်ပွဲကို အားကစားတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပ

Feb 13 • 3:01 AM

breaking-news

Myanmar

Yangon

cover

ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာစွန်ဖြတ်ပြိုင်ပွဲကို အားကစားတစ်ရပ်အဖြစ် အောင်မြင်စွာကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ စွန်ဝါသနာရှင်များအဖွဲ့မှ ကြီးမှူး၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာစွန်ဖြတ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂ...

မြန်မာနိုင်ငံလုံးဆိုင်ရာ စွန်ဝါသနာရှင်များအဖွဲ့မှ ကြီးမှူး၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာစွန်ဖြတ်ပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျီစုကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက်အထိ ၄ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲသို့ တစ်နိုင်ငံလုံးရှိ စွန်ဝါသနာရှင်အဖွဲ့ပေါင်း ၃၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ရိုးရာစွန်ဖြတ်ခြင်းကို အားကစားနည်းတစ်ရပ်အဖြစ် ပုံဖော်ကျင်းပလာခဲ့သည်မှာ ၁၈ ကြိမ်မြောက် ရှိပြီဖြစ်ကာ နှစ်စဉ်ထူးခြားစွာ အောင်မြင်မှုရရှိလာကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ ပြိုင်ပွဲဝင်များ၏ နေထိုင်စားသောက်ရေးအတွက် စွန်ဝါသနာရှင်အလှူရှင်များက ကူညီပံ့ပိုးပေးထားပြီး၊ ရာသီဥတုသာယာသည့် ယခုကဲ့သို့ လများတွင် ရိုးရာယဉ်ကျေးမှုနှင့် အားကစားစိတ်ဓာတ်ကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

32