back

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားတွင် ဖရဲနှင့် သခွားကားစီးရေ ရာချီ သောင်တင်နေသဖြင့် ကုန်သည်များ အရှုံးပေါ် နေ

Feb 12 • 8:30 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားတွင် ဖရဲနှင့် သခွားကားစီးရေ ရာချီ သောင်တင်နေသဖြင့် ကုန်သည်များ အရှုံးပေါ် နေ

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် ဖရဲနှင့် သခွားသီးကားများမှာ စစ်ဆေးမှု တင်းကျပ်နေခြင်းကြောင့် စီးရေ ရာနှင့်ချီ၍ သော...

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားမြို့မှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့မည့် ဖရဲနှင့် သခွားသီးကားများမှာ စစ်ဆေးမှု တင်းကျပ်နေခြင်းကြောင့် စီးရေ ရာနှင့်ချီ၍ သောင်တင်နေကြောင်း မိုင်းလား - တာလော့ အသီးအနှံဈေးကွက်အတွင်းမှ သိရသည်။တရုတ်နိုင်ငံဘက်မှ အထူးစိစစ်၍ တစ်ရက်လျှင် ကားအစီးရေ အနည်းငယ်သာ ဝင်ခွင့်ပြုသော်လည်း တရုတ်ဘက်တွင် ဝယ်လက်နည်းပါးနေခြင်းကြောင့် ယခုကဲ့သို့ သောင်တင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။လမ်းခရီးကြန့်ကြာတာ၊ တာလော့အတွင်းဝင်ဖို့ ရက်ရှည် စောင့်ဆိုင်းရတာတွေကြောင့် အသီးတွေ အပုပ်အနာများတာအပြင် ဝယ်လက်မရှိတော့ အရှုံးကတော့ များနေပြီ” ဟု ကုန်သည်တစ်ဦးက ဆိုသည်။ယခင် မူဆယ် - ကျင်စန်းကျော့ လမ်းကြောင်း ပွင့်စဉ်ကာလ တရုတ်နှစ်သစ်ကူး နီးကပ်ချိန်များတွင် ဝယ်လက် အများအပြားရှိခဲ့သော်လည်း ယခု မိုင်းလား - တာလော့ ဈေးကွက်တွင်မူ ဝယ်သူမရှိသလောက် ဖြစ်နေသဖြင့် လုပ်ငန်းရှင်များ အရှုံးပေါ်နေခြင်း ဖြစ်သည်။ဖရဲကားတစ်စီးလျှင် အသီးဖိုးမပါဝင်ဘဲ ကုန်ကျစရိတ်မှာ ယွမ် ၃ သောင်း (မြန်မာငွေ ကျပ်သိန်း ၁၈၀ ခန့်) ရှိနေသော်လည်း လက်ရှိဈေးကွက်တွင် အသီးအရည်အသွေး ကောင်းမှသာ တစ်စီးလုံးအပြတ်ကို ယွမ် ၃ သောင်းမှ ၄ သောင်း ကြားသာ ရရှိနေသောကြောင့် တောင်သူနှင့် လုပ်ငန်းရှင်များ အမြောက်အမြား ဆုံးရှုံးနေကြရကြောင်း သိရသည်။လက်ရှိတွင် မိုင်းလားမြို့၊ တာလော့ကွင်းအတွင်း၌ သစ်သီးကားစီးရေ ရာနှင့်ချီ၍ ရှိနေကြောင်း သိရသည်။ပြည်တွင်းလမ်းခရီး ကြန့်ကြာမှု၊ ကုန်ကျစရိတ် မြင့်မားမှု၊ တရုတ်နိုင်ငံ၏ နယ်စပ်ရေးရာ မူဝါဒနှင့် စားသုံးသူလိုအပ်ချက် ပြောင်းလဲမှုတို့အပြင် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့မှ တရုတ်သို့ တင်ပို့နေသည့် ဖရဲသီးများကြောင့်လည်း မြန်မာ့ဖရဲဈေးကွက် အထိနာနေခြင်းဖြစ်ကြောင်း သစ်သီးဝလံဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်ကြသည်။


news-view-count-icon

53