back

မန္တလေးငလျင်မှာ လူသေဆုံးမှုများပြားခဲ့တဲ့ Sky Villa ကွန်ဒိုပိုင်ရှင်ကို အမှုဖွင့်တရားစွဲဆိုခဲ့

Feb 12 • 8:07 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးငလျင်မှာ လူသေဆုံးမှုများပြားခဲ့တဲ့ Sky Villa ကွန်ဒိုပိုင်ရှင်ကို အမှုဖွင့်တရားစွဲဆိုခဲ့

မန္တလေးငလျင်မှာ လူသေဆုံးမှုများပြားခဲ့တဲ့ Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဖေဖော်ဝါရီလ ၁၀ရက်က အောင်မြေသာစံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လ...

မန္တလေးငလျင်မှာ လူသေဆုံးမှုများပြားခဲ့တဲ့ Sky Villa ကွန်ဒိုပိုင်ရှင် ဦးနိုင်ထွန်းလင်း ကို ဖေဖော်ဝါရီလ ၁၀ရက်က အောင်မြေသာစံမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က သိရပါတယ်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ်၊(၁) နယ်မြေရဲစခန်းတွင် ပုဒ်မ ၃၀၄-က နဲ့ အမှုဖွင့်ဖမ်းဆီးထားပြီးနောက် တရားစွဲဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။Sky Villa တည်ဆောက်ခဲ့တဲ့ NTL Construction Company မှ MD ဦးနိုင်ထွန်းလင်းရဲ့ဇနီး ဒေါ်သက်သက်ခိုင်တို့ ပါဝင်တဲ့ အဖွဲ့က ကွန်ဒိုပြိုကျမှုမှာ အသက်ဆုံးပါးသွားကြသူ တစ်ဦးကို ကျပ်သိန်းတစ်ရာစီ ထောက်ပံ့ကြေးပေးအပ်ပြီး တောင်းပန်မှုပြုလုပ်တဲ့ အခမ်းအနားကို ၁၉ လမ်း ၊ မုန်တိုင်ဇရပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။အောင်မြေသာစံမြို့နယ် ၊လမ်း၆၀ ၊၂၁လမ်းနှင့်၂၂လမ်းကြားရှိ Sky Villa ၁၁ထပ်ကွန်ဒို ပါဝင်တဲ့ အဆောက်အအုံတွေဟာ ၂၀၂၅ ခုနှစ် ၊ မတ်လ ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့ရာ ရုပ်အလောင်းနှစ်ရာကျော်တွေ့ရှိထားတဲ့အထိ လူသေဆုံးမှုများပြားခဲ့တဲ့ကွန်ဒို ဖြစ်ပါတယ်။


news-view-count-icon

36