၂၀၂၅ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီး အပိုင်း(၃)ပိုင်းဖြင့် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပြီးဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အသိပေးထုတ်ပြန်ထားပြီ ဖြစ်သည်။ယခုအချိန်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်များ အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ထားသည့် တပ်မတော်သားများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က စိစစ်ပြီးဖြစ်၍ ယနေ့ ဖေဖေါ်ရီ (၁၂)ရက်နေ့ ၌ တပ်မတော်သား တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်အသိပေးလာခြင်း ဖြစ်သည်။တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ (၃၁)အရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း (၂၀၁) ဦး ၏ အမည်စာရင်းများကို ထုတ်ပြန်ထားခြင်းဖြစ်သည်။( ဖေဖေါ်ဝါရီ ၇) ရက်နေ့ကလည်း တပ်မတော်သား ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦး ၏ အမည်စာရင်းကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားပြီး ဖြစ်ပြီး အမျိုးသားလွှတ်တော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၅၆) ဦး အမည်စာရင်းကိုလည်း ဖေဖေါ်ဝါရီ (၈)ရက်နေ့က ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။

တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် များအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများ ထုတ်ပြန်
Feb 12 • 2:37 AM
Myanmar
Local
Share
| 78 | 0 | 0 | 0 |


