back

ဂိုးသွင်းနိုင်ပေမဲ့ အသင်းရဲ့ရလဒ်ကြောင့် သိပ်မပျော်ဘူးလို့ ရှက်ရှကို ပြောကြား

Feb 12 • 1:42 AM

breaking-news

Myanmar

International

cover

ဂိုးသွင်းနိုင်ပေမဲ့ အသင်းရဲ့ရလဒ်ကြောင့် သိပ်မပျော်ဘူးလို့ ရှက်ရှကို ပြောကြား

မန်ယူအသင်းရဲ့တိုက်စစ်မှူး ရှက်ရှကိုက ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်တာကြောင့် ပျော်ရွှင်ပေမဲ့ အသင်းရဲ့ရလဒ်ကြောင့် အရမ်းမပျော်ဘူးလို့ ပြောကြားခဲ့ပါတယ်။မန်ယူအသင...

မန်ယူအသင်းရဲ့တိုက်စစ်မှူး ရှက်ရှကိုက ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းနိုင်တာကြောင့် ပျော်ရွှင်ပေမဲ့ အသင်းရဲ့ရလဒ်ကြောင့် အရမ်းမပျော်ဘူးလို့ ပြောကြားခဲ့ပါတယ်။မန်ယူအသင်းဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ မိနစ်(၉၀)ကျော်တဲ့အထိ (၀-၁)ဂိုးနဲ့ ရှုံးနေခဲ့ပြီး ရှက်ရှ်ကိုက (၉၀+၆)မိနစ်မှာ ချေပဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် သရေရလဒ်ရရှိခဲ့တာပါ။ရှက်ရှကိုဟာ မိနစ်(၇၀)ဝန်းကျင်မှာမှ လူစားဝင်ကစားခဲ့ရတာဖြစ်ပြီး အသင်းအတွက် အဖိုးတန်ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် မန်ယူနည်းပြ ကာရစ်က မယုံနိုင်စရာကောင်းတဲ့ အဆုံးသတ်စွမ်းရည်ဖြစ်ကြောင်းလည်း ချီးကျူးခဲ့ပါတယ်။ရှက်ရှကိုကတော့ ''ကျွန်တော့်ရဲ့ အဆုံးသတ်မှုအတွက် ပျော်ရွှင်ပါတယ်။ ဒါပေမဲ့ သရေကျခဲ့တာကြောင့် အရမ်းမပျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အနိုင်ရလဒ်နဲ့ ထိုက်တန်တယ်လို့ သိထားတာကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ခဲ့ကြပြီး သရေရလဒ်ကလည်း တကယ့်ကို အရေးပါခဲ့ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။ရှက်ရှကိုဟာ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ကာရစ် ကိုင်တွယ်ချိန်ကစပြီး လူစားဝင်ကစားသမားအနေနဲ့သာ ကစားခွင့်ရနေပေမဲ့ ဖူလ်ဟမ်နဲ့ပွဲတုန်းကလည်း နောက်ဆုံးပွဲသိမ်းဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

news-view-count-icon

18