စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်း များနှင့်သီလရှင်ကျောင်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီလ (၈) ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ကျန်းမာရေးစောင့် ရှောက်မှုကို မော်လိုက်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့်မြို့မကျောင်း၊ တောင်တလုံး၊ နိဗ္ဗေန၊ ကြောင်ပန်း၊ ဒီပင်္ကရာ၊ တပ်ဦးဘုန်းတော်ကြီးကျောင်းတိုက်များရှိ သံဃာတော် အရှင်သူမြတ်များကို ဆေးကုသပေးခဲ့ခြင်းဖြ စ်သည်။



