အဲဗာတန်အသင်းတွင် အငှားလာရောက်ကစားနေသော အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ရှ်သည် ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်ရသဖြင့် ယခုဘောလုံးရာသီ လက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်တော့မည် ဖြစ်သည်။ အသက် ၃၀ အရွယ်ရှိ ဂရီးလစ်ရှ်သည် ကမ္ဘာ့ဖလားကစားခွင့်ရရန် မန်စီးတီးမှ အဲဗာတန်သို့ အငှားထွက်လာခဲ့သူဖြစ်ပြီး နည်းပြ ဒေးဗစ်မွိုက်စ်၏ လက်အောက်တွင် ၂ ဂိုးသွင်း၊ ၆ ဂိုး ဖန်တီးကာ ခြေစွမ်းပြနေစဉ် ယခုကဲ့သို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းက ယခုဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရသော်လည်း ပိုမိုသန်မာစွာ ပြန်လာနိုင်ရန် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခုဒဏ်ရာကြောင့် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် သောမတ်စ်တူဟယ်လ်၏ အင်္ဂလန်အသင်းလူစာရင်းတွင် ပါဝင်နိုင်မည့် ၎င်း၏မျှော်လင့်ချက်မှာလည်း မှေးမှိန်သွားခဲ့ရပြီ ဖြစ်ပါသည်။
Feb 11 • 4:03 AM
Myanmar
International
Share
| 25 | 0 | 0 | 0 |


