ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ထောင်နှင့်ချီ၍ ရှိနေဆဲဖြစ်ကြောင်း ယင်းလုပ်ငန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။“ကျားဖြန့်အပြင် မူးယစ်ဆေးဝါး ယာမတွေကို ထုတ်လုပ်တာ ရောင်းချတာတွေလည်း ရှိတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ခွဲတမ်းနဲ့ ကျားဖြန့်လုပ်တဲ့လူတွေကို ပြန်ရောင်းတာမျိုးလည်း လုပ်ကြတယ်။ သိရသလောက် စာရင်းတွေအရဆို တရုတ်တွေ စုစုပေါင်း ၂ ထောင်ကျော် ရှိတယ်။ မြန်မာနိုင်ငံသားတွေကတော့ အတိအကျ မသိပေမယ် သောင်းဂဏန်းထိရှိတယ်”ဟု ကျားဖြန့်လုပ်ငန်းနှင့် နီးစပ်ဖူးသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ားဖြန့်ရုံများအတွင်း တရုတ် - မြန်မာ ဘာသာစကား ၂ မျိုးတတ်ကျွမ်းသူများကို လုပ်ငန်းရှင်များက လစာအဖြစ် တရုတ်ယွမ်ငွေ ၂ သောင်းအထိ ပေးထားကြောင်း သိရသည်။"လစာက မတူကြဘူး ကျမတို့က တရုတ်ငွေ ၂ သောင်းရတယ်။ သတ်မှတ်ချက် မပြည့်လို့ အရိုက်ခံရတာတွေလည်း ရှိတယ်၊ သေတဲ့အထိ အရိုက်ခံရတာမျိုးတော့ ကိုယ်တိုင် မမြင်ရပေမယ့် သတင်းတွေ ကြားရတယ်။ တချို့ဂရုဆို သတ်မှတ်ချက်ပြည့်ဖို့ ဆေးချပြီး နေ့နေ့ညည လုပ်ကြတာ။ အခုတော့ ပြန်မသွားတော့ဘူး၊ အပြီး ပြန်လာလိုက်တာ ကြောက်တယ်လေ” ဟု မူဆယ် ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်ဖူးသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။
| 36 | 0 | 0 | 0 |


