အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်နှင့် ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ တံတားပိုင်ဆိုင်မှု၏ တစ်ဝက်ကို ကနေဒါဘက်က အမေရိကန်ထံ မပေးမချင်း အဆိုပါတံတားကို ဖွင့်လှစ်ခွင့်ပေးမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ကျွန်တော်တို့ ပေးဆပ်ခဲ့သမျှအတွက် အမေရိကန်ပြည်ထောင်စုကို အပြည့်အဝ လျော်ကြေးမပေးမချင်း ဒီတံတားကို ဖွင့်ခွင့်ပေးမှာမဟုတ်သလို၊ အဓိကအားဖြင့် ကနေဒါအနေနဲ့ အမေရိကန်အပေါ် ထိုက်တန်တဲ့ တရားမျှတမှုနဲ့ လေးစားမှုမျိုး ထားရှိရပါမယ်။ ဆွေးနွေးမှုတွေကို ချက်ချင်းစတင်သွားမှာဖြစ်ပြီး ကျွန်တော်တို့ ပေးထားခဲ့တာတွေနဲ့စာရင် ဒီပိုင်ဆိုင်မှုရဲ့ အနည်းဆုံး တစ်ဝက်လောက်ကို ကျွန်တော်တို့ ပိုင်ဆိုင်သင့်တာပါ" ဟု သူက Truth Social လူမှုကွန်ရက်တွင်ရေးသားခဲ့သည် 
အမေရိကန်-ကနေဒါ တံတားပိုင်ဆိုင်မှုတစ်ဝက်ကို ကနေဒါဘက်က မပေးမချင်း အဆိုပါတံတားကို ဖွင့်လှစ်ခွင့်ပေးမည်မဟုတ်ဟု ထရမ့်ပြောကြား
Feb 10 • 6:38 AM
Myanmar
International
Share
| 41 | 0 | 0 | 0 |


