ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၂၇ ရက်နှင့် ၃၀ ရက် တို့တွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အောင်မြင့်မိုရ်အိမ်ရာအနီး၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ် ၀ ဒသမ ၅၉၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၁,၈၄၀) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Nissan AD Vanတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်နှင့် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၅၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅,၂၁၁,၈၄၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။



