အမေရိကန်ဘက်က ပေးချေရမယ့်ငွေတွေကို ဘယ်အချိန် ဘယ်လောက်ပေးမလဲဆိုတဲ့ အသေးစိတ်အကြောင်းတွေကို ကုလသမဂ္ဂစောင့်ဆိုင်းနေတယ်လို့ ဖေဖော်ဝါရီ၉ရက်တနင်္လာနေ့က ပြောပါတယ်။ အမေရိကန်က လာမယ့်သီတင်းပတ်များအတွင်း ပေးသွားမယ်လို့ ပြီးခဲ့တဲ့အပတ်က ကတိပြုခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးချုပ်က သံအမတ် မိုက်ဝေါ့ဇ်နဲ့ ပြောဆိုနေခဲ့တယ်လို့ ကုလပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။ ငွေကြေးထိန်းချုပ်သူက အမေရိကန်နဲ့ ပြောဆိုနေပြီး ဘယ်အချိန် ဘယ်လောက်ပေးမလဲဆိုတဲ့ အတိအကျကို ကုလစောင့်ဆိုင်းနေကြောင်း ပြောပါတယ်။ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဇန်နဝါရီ ၂၈ ရက်နေ့မှာ ငွေမပေးချေမှုများကြောင့် ငွေကြေးပြိုလဲပျက်စီးနိုင်ခြေ ရှိနေတယ်လို့ အဖွဲ့ဝင်များထံ သတိပေးစာပို့ခဲ့ပါတယ်။



