မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်တွင် ရေနံချောင်းမြို့နယ် သစ်တပွေရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်မြို့နယ် မြောက်ပိုင်းရပ်ကွက်၌ တရားမဝင်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ငွေစက္ကူရောရာ (တန်ဖိုး ငွေကျပ် ၁၉,၂၀၀) ကို လောင်းကစားဥပဒေအရလည်းကောင်း၊ အောင်လံမြို့နယ်အတွင်း၌ တရားမဝင် ပေါင် ၃၀ ဝင် မီးသွေးအိတ် ၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၉,၂၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။



