back

ရန်ကုန်၌ ရေကျော်ပွဲဈေး အကြိမ်ကြိမ်ပြုလုပ်နေသဖြင့် ဒေသခံများ ကန့်ကွက်

Feb 10 • 2:58 AM

breaking-news

Myanmar

Local

cover

ရန်ကုန်၌ ရေကျော်ပွဲဈေး အကြိမ်ကြိမ်ပြုလုပ်နေသဖြင့် ဒေသခံများ ကန့်ကွက်

ရန်ကုန်မြို့က နာမည်ကျော် ရေကျော်ပွဲဈေးကို အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေနဲ့ အနီးအနားက ဒေသခံတွေက လက်မခံနိုင်ဘဲ ကန့်ကွက်နေကြပါတယ်။ပြည်ထောင်စုနေ့...

ရန်ကုန်မြို့က နာမည်ကျော် ရေကျော်ပွဲဈေးကို အကြိမ်ကြိမ်ပြုလုပ်နေတဲ့အတွက် ရပ်ကွက်နေ ပြည်သူတွေနဲ့ အနီးအနားက ဒေသခံတွေက လက်မခံနိုင်ဘဲ ကန့်ကွက်နေကြပါတယ်။ပြည်ထောင်စုနေ့ အထိမ်းအမှတ် အနေနဲ့ နာမည်ကျော် ပုဇွန်တောင်မြို့နယ်ထဲက ရေကျော်ပွဲဈေးကို ၇ ရက်ကြာ ပြုလုပ်မှာဖြစ်တဲ့အပေါ် ရပ်ကွက်နေပြည်သူတွေနဲ့ အနီးအနားက ဒေသခံတွေက မကြည်ဖြူ ဖြစ်နေကြပါတယ်။ရပ်ကွက်နေပြည်သူတယောက်က “အခု မကြိုက်ဘူးဆိုတာက ပွဲတော်ကို ခဏခဏ လုပ်နေတာကြောင့်။ အရင်က ရေကျော်ပွဲဈေးဆိုတာ နာမည်ကြီးပဲ၊ အကုန်လုံးလည်း သိတယ်၊ တနှစ်ကို တကြိမ်ပဲ။ အခုလုပ်နေတဲ့ ဈေးပွဲတော်တွေဆိုတာက ရေကျော်တခုတည်း မဟုတ်၊ ကျောက်မြောင်းတွေရော လသာတွေရော အကုန်လုပ်နေတာပဲ။ အဲဒါ ရေကျော်မှာကျ တခါလည်း နှစ်ခါလည်း မဟုတ်၊ တခုခုဆိုတာနဲ့ ပွဲလုပ်နေတာဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ။ ဘယ်သူက သည်းခံနိုင်တော့မှာလဲ၊ အညှော်တွေနဲ့ အသံတွေကြောင့်ပေါ့” လို့ ပြောပါတယ်။

news-view-count-icon

42