ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်ထဲက ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ကြရသည့် လူထုတွေဟာ ဆောင်းသီးနှံ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လာသူများလာပြီး သီးနှံတွေ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေသလို ကုန်စိမ်းအဖြစ် ပြန်လည်ရောင်းချတဲ့အခါ စျေးကောင်းရနေကြတယ်လို့ ပြောပါတယ်။"မနှစ်တွေကထက် အများကြီးပိုလှတယ်၊ စိုက်တာမှန်တယ်၊ ပြီးတော့ စိုက်ထားတာ နေ့၊ ရက်၊ လမှန်တော့ အပင်ထွား အားပိုရှိတော့ ပိုလှတာပေါ့နော၊ ရောင်းရဖို့ ဆောင်ရွက်နေကြတာ။" လို့ နေရပ်စွန့်ခွာခဲ့ရသည့်အိမ်ရှင်မတဦးက ပြောပါတယ်။ "ကြက်သွန်ကလည်း လှပါတယ်၊ မထွက်သေးတော့ မသိဘူး၊ ဒါပေမယ့် မနှစ်ကလည်း ဟင်းလဲလှယ်စားကြတာ နည်းနည်းရကြတယ်၊ ကြက်သွန်ထွက်ချိန်က ကြက်သွန်ပေါ့၊ မုန်ညှင်းဆိုလည်း မုန်ညှင်းပေါ့၊ ဟင်းအစိုကနေ ဟင်းအခြောက်နဲ့လှဲတာပေါ့။ ဥပမာ ငရုတ်သီးခြောက်၊ မြေပဲ စသဖြင့်ပေါ့ အများကြီး သက်သာတယ်။"လို့ အိမ်ရှင်မတဦးက ဆိုပါတယ်။ကရင်နီပြည်အတွင်း ဆောင်းသီးနှံတွေကို ပိုမို စိုက်ပျိုးနိုင်ဖို့အတွက် လူမှုအသင်းအဖွဲ့ကနေ မျိုးစေ့ချပေးတာအပြင် စိုက်ပျိုးရေး ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေကို မျှဝေတာလည်း ရှိနေပါတယ်။



