ချင်းပြည်နယ် ၊မင်းတပ်မြို့နယ်၊ လေရှိ ကျေး ရွာမှာ မနေ့က အမျိုးသားတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချပြီး အဆုံးစီရင် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သတင်းရရှိပါတယ်။အဆိုပါ အမျိုးသားက ဦးထန်းစိန် ၊အသက် ၃၇ နှစ်အရွယ် ဖြစ်ပြီး မနေ့က ညနေ ၄ နာရီ ခွဲ ၀န်းကျင်၊ ယခင် စစ်ဘေးရှောင်စခန်းဟောင်း မှာ အသက်သေဆုံးလျှက်ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။သေဆုံးသွားတဲ့ အမျိုးသားမှာ သားသမီး ၆ ဦး ရှိပြီး အကြီး ဆုံးက အခု ၁၀ တန်း ၊ ၄ တန်း နှစ်ယောက် ၊ KG တစ်ယောက် နဲ့ ကျောင်းမတက်သေးတဲ့ ကလေး နှစ်ယောက် ရှိတယ်လို့ သူက ရှင်းပြပါတယ်။မိသားစုတွေအဆင်မပြေ ဖြစ်သလို ဖခင်ပါ အခုလို သေဆုံးသွားတော့ ကလေးတွေရဲ့ ရှေ့ရေးအတွက် အခက်အခဲတွေ ဖြစ်နေပြီး အကူအညီတွေလည်းလိုအပ်နေတယ်လို့ ဆိုပါတယ်။သေဆုံးသူ ဦးထန်စိန်အသုဘ ပြုလုပ်ချိန်မှာ အမျိုးသမီးကမလာရောက်နိုင်တာကြောင့် ရုပ်အလောင်းကိုတော့ ဒီကနေ့ ညနေ ၃ နာရီ ခွဲ မှာ မြေမြုပ်သဂြိုဟ်ထားပြီလို့သိရပါတယ်။



