မလေးရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဦးတည်ခုတ်မောင်းနေသော ပနားမားအလံတင်ကုန်သင်္ဘောတစ်စင်းသည် စနေနေ့က ထိုင်းနိုင်ငံ ဖူးခက်ရှိ Laem Phromthep ကမ်းလွန် သုံးမိုင်ခန့်အကွာတွင် နစ်မြုပ်သွားခဲ့သည်။ ရေကြောင်းအာဏာပိုင်များသည် အဒ္ဒမန်ပင်လယ်ပြင်တွင် ယိုဖိတ်ခဲ့သော လောင်စာဆီများကို ဖယ်ရှားရှင်းလင်းရန် အလျင်စလိုလုပ်ဆောင်လျက်ရှိသည်။ အဆိုပါ သင်္ဘောမှ သင်္ဘောသား ၁၆ ဦးကို ကယ်တင်ပေးခဲ့ကာ ညနေပိုင်းတွင် ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုင်းအရာရှိများ၏ အဆိုအရ နစ်မြုပ်သွားသော Sealloyd Arc သင်္ဘောသည် ကွန်တိန်နာ ၂၉၇ လုံး တင်ဆောင်ထားခဲ့ပြီး ၎င်းတို့အနက် ၁၄ လုံးတွင် အန္တရာယ်ရှိသောပစ္စည်းများ ပါဝင်နေသည်ဟု ဆိုသည်။



