back

ပေကျင်းမှ မီလန်သို့ - အိုလံပစ်က တရုတ်နိုင်ငံ၏ ဆောင်းရာသီအားကစားနည်းများကို အားဖြည့်ပေး

Feb 09 • 3:11 PM

breaking-news

China

Local News

cover

ပေကျင်းမှ မီလန်သို့ - အိုလံပစ်က တရုတ်နိုင်ငံ၏ ဆောင်းရာသီအားကစားနည်းများကို အားဖြည့်ပေး

၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲကို ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံ၏ ရေခဲဟော်ကီအားကစားအဖွဲ့ တက်သစ်စကြယ်ပွင့် အသက် ၁...

၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပွဲကို ဖေဖော်ဝါရီ ၆ ရက် ညပိုင်းက ဖွင့်လှစ်ခဲ့ရာ တရုတ်နိုင်ငံ၏ ရေခဲဟော်ကီအားကစားအဖွဲ့ တက်သစ်စကြယ်ပွင့် အသက် ၁၅ နှစ်အရွယ် ချန်ခဲ့ယွီသည် ဆန်းကျန့်မြို့ရှိ ၎င်း၏တီဗီဖန်သားပြင်ပေါ်ကို မျက်လုံးမခွာတမ်းကြည့်ရှုကာ အီတလီနိုင်ငံ၌ ကျင်းပသည့် ဟော်ကီပြိုင်ပွဲများ၏ ပွဲစဉ်တိုင်းကို လိုက်လံကြည့်ရှုခဲ့သည်။ လွန်ခဲ့သောခြောက်နှစ်အကြာက တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပွဲကို လက်ခံကျင်းရန် ပြင်ဆင်သည့်အနေဖြင့် မိုးလုံလေလုံစကိတ်ကွင်းများနှင့် စကိတ်စီးတောင်စောင်းများမှာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့အနက် မိုးလုံလေလုံစကိတ်ကွင်းတစ်ခုကို ဝူဟန့်မြို့ရှိ ချန်၏နေအိမ်အနီးတွင်ပင် ဖွင့်လှစ်ခဲ့ရာ အဆိုပါ စကိတ်စီးအားကစားလေ့ကျင့်ရန် ၎င်းအား ဆွဲဆောင်ခဲ့သည်။




news-view-count-icon

2