ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဧည့်လမ်းညွှန်လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း (License Test)ဖြေရန် လျှောက်လွှာခေါ်ယူနေကြောင်းသိရပါတယ်။အဆိုပါ License Test ဖြေဆိုရန် လျှောက်ထားနိုင်သူများကတော့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD)တွင်ဖွင့်လှစ်ခဲ့သော ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းအမှတ်စဉ် (၆၁)၊ (၆၂)နှင့် (၆၅)တွင် တက်ရောက်အောင်မြင်ပြီးသူများ၊ဧည့်လမ်းညွှန်(အခြေခံ) သင်တန်းများတွင် တက်ရောက်အောင်မြင်ခဲ့ပြီး ယခင် License Test မှ “B” အဆင့်ရရှိသူများ၊ဘာသာစကားထပ်တိုး လျှောက်ထားချင်သူများတို့ပါဝင်လျှောက်ထားနိုင်ကြောင်းသိရပါတယ်။ကိုယ်တိုင်လျှောက်ထားခြင်း အတွက် အမှတ်(၄၀/၄၂)၊ ဗိုလ်ဆွန်ပက်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့တွင်လည်းကောင်း၊https://shorturl.at/10u3e မှ ဖောင်ရယူဖြည့်စွက်ကာ လိုအပ်သောစာရွက်စာတန်းများနှင့်အတူ mail (tts.yangon@gmail.com) သို့ (၂ဝ-၂-၂ဝ၂၆) ရက်နေ့ နေ့လည် (၂) နာရီ နောက်ဆုံးထား လျှောက်ထားပေးပါရန်ထုတ်ပြန်ထားပါတယ်၊



