ပြည်တွင်းဘဏ်များတွင် ရုံးဖွင့်ရက်များ၌ ငွေထုတ်ယူရလွယ်ကူစေရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြောကြားခဲ့ပါသည်။ ဗဟိုဘဏ်အနေဖြင့် ဘဏ်လုပ်ငန်းကဏ္ဍ တည်ငြိမ်စေရန်နှင့် အပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးနေသည့်အပြင်၊ အစိုးရ၏ ဒစ်ဂျစ်တယ်စီးပွားရေးမူဝါဒအရ Digital Platform များနှင့် ငွေပေးချေမှုစနစ်များကို ပိုမိုအားကောင်းလာစေရန် အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတကာငွေပေးချေမှုများကို ဘဏ်များမှတစ်ဆင့် အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးကို အလေးပေးလုပ်ဆောင်နေပြီး၊ သတ်မှတ်စည်းမျဉ်းများနှင့်အညီ ငွေသားထုတ်ယူခွင့်ပြုရန် ဘဏ်များကို အကြိမ်ကြိမ် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရှိရပါသည်။
Feb 09 • 5:12 AM
Myanmar
Local
Share
| 39 | 0 | 0 | 0 |


