နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ခွင့်ပြုလက်မှတ်မရှိဘဲ တိရစ္ဆာန်ဆေးကုသခြင်း ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအနေဖြင့် လာမည့် ဖေဖော်ဝါရီ ၁၅ ရက်ထက် နောက်မကျဘဲ သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသို့ ခွင့်ပြုမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ လျှောက်ထားရာတွင် လုပ်ငန်းလိပ်စာ၊ မြေနေရာအကျယ်အဝန်းနှင့် ကြီးကြပ်သူစာရင်း စသည့် အချက်အလက်များ ပြည့်စုံစွာ တင်ပြရမည်ဖြစ်ပြီး၊ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိဘဲ ဆက်လက်ဖွင့်လှစ်ထားကြောင်း စစ်ဆေးတွေ့ရှိပါက တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ တရားစွဲဆို အရေးယူသွားမည်ဖြစ်သည်။ လက်ရှိတွင် လုပ်ငန်းခွင့်ပြုလက်မှတ်များကို ဗဟိုကြီးကြပ်မှုကော်မတီက အချိန်နှင့်တစ်ပြေးညီ စိစစ်ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
တိရစ္ဆာန်ဆေးကုဝန်ဆောင်မှုလုပ်ငန်းများ ဖေဖော်ဝါရီ ၁၅ ရက် နောက်ဆုံးထား၍ ခွင့်ပြုလက်မှတ်လျှောက်ထားရန် အသိပေး
Feb 09 • 5:06 AM
Myanmar
Local
Share
| 38 | 0 | 0 | 0 |


