တရုတ်နိုင်ငံမြောက်ပိုင်း ရှန်ရှီးပြည်နယ်ရှိုယန်းမြို့၌ တည်ရှိသော ဇီ၀နည်းပညာကုမ္ပဏီ တစ်ခုတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းကပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ရှစ်ဦး သေဆုံး ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဇီ၀နည်းပညာကုမ္ပဏီမှာ ကျားပင်းအမည်ရှိ ဇီ၀နည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း တရုတ်တာဝန်ရှိသူများက ပြောကြားထားသည်။လက်ရှိအချိန်တွင် ကျားပင်း ဇီ၀နည်းပညာကုမ္ပဏီ ပေါက်ကွဲမှုနှင့်ပတ်သက် ၍ ရှိုယန်းမြို့ အာဏာပိုင်များက စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းထားကြောင်း သိရသည်။ယင်းအပြင် ပေါက်ကွဲမှုနှင့်ပတ်သက်၍ကျားပင်းဇီ၀နည်းပညာကုမ္ပဏီ တာဝန်ရှိသူတစ်ဦး ကိုလည်း တရုတ်အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းထားသည်။
Feb 09 • 4:09 AM
China
Local News
Share
| 15 | 0 | 0 | 0 |


