ဂျပန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ (Sanae Takaichi) ဦးဆောင်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့် ၎င်း၏မဟာမိတ်အဖွဲ့သည် ယနေ့ကျင်းပသည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ အမတ်နေရာ ၄၆၅ နေရာအနက် ၃၂၈ နေရာခန့်အထိ အနိုင်ရရှိမည်ဟု ခန့်မှန်းထားပြီး၊ ယင်းအောင်မြင်မှုကြောင့် တာကာအိချိ၏ အဓိကမူဝါဒများဖြစ်သော အခွန်လျှော့ချရေးနှင့် စစ်ရေးအသုံးစရိတ်မြှင့်တင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်အကောင်အထည်ဖော်ရန် လမ်းပွင့်သွားခဲ့သည်။ မက်တယ်လ်သီချင်းကြိုက်သူနှင့် ဒရမ်တီးဝါသနာပါသူ အသက် ၆၄ နှစ်အရွယ် "ဂျပန်သံမဏိလေဒီ" က ယခုနိုင်ပွဲသည် ဂျပန်၏ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒအပြောင်းအလဲကြီးများအတွက် ပြည်သူ့ထောက်ခံမှုကို ရရှိခြင်းဖြစ်ကြောင်း ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့ပါသည်။
ဂျပန်သံမဏိလေဒီ တာကာအိချိ၏ မဟာမိတ်အဖွဲ့ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိကာ ဝန်ကြီးချုပ်အာဏာကို ခိုင်မာစေခဲ့
Feb 09 • 4:05 AM
Japan
Local News
Share
| 14 | 0 | 0 | 0 |


