ပရီးမီးယားလိဂ်ပွဲစဉ်- ၂၅ အဖြစ် အာဆင်နယ်နှင့် ဆန်းဒါးလန်းအသင်းတို့ ဖေဖော်ဝါရီ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်က ပထမပိုင်းတွင် ဆန်းဒါးလန်း၏ ကြံ့ကြံ့ခံရင်ဆိုင်ကစားမှုကို ကျော်လွှားကာ အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ရရှိခဲ့သည့်အတွက် အမှတ်ပေးဇယား ဦးဆောင်မှုကို အခိုင်အမာ ထိန်းထားနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးနှင့် အက်စတွန်ဗီလာတို့ကို ၉ မှတ် ဖြတ်ထားနိုင်ခဲ့သည်။ ပွဲချိန် ၄၂ မိနစ်တွင် လီယန်ဒရို ထရော့ဆက်ဒ်၏ ဖန်တီးပေးမှုကို မာတင် ဇူဘီမန်ဒီက အဆုံးသတ်၍ ဆန်းဒါးလန်း၏ ကြံ့ကြံ့ခံကစားမှုကို ချိုးဖျက်နိုင်ခဲ့သလို ကိုင်ဟာဗက်ဇ်၏ ဖန်တီးပေးမှုကို ဗစ်တာ ယော်ကယ်ရက်စ်က လူစားဝင်လာပြီး မကြာမီမှာပင် ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်၍ ဒုတိယဂိုးသွင်းယူခဲ့ရာ နည်းပြ မစ်ကယ် အာတေတာအနေဖြင့် တိုက်စစ်ပိုင်းတွင် ရွေးချယ်စရာ အများအပြားရှိနေသည်ကို ပြသခဲ့သည်။ ထို့နောက် ဒုတိယပိုင်းတွင် လူစားဝင်လာသည့် ယော်ကယ်ရက်စ်ကပင် ယခုပွဲစဉ်၌ ၎င်း၏ ဒုတိယဂိုးကို နာကျင်အချိန်ပို၌ သွင်းယူခဲ့သဖြင့် အာဆင်နယ်က ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
Feb 09 • 2:49 AM
Myanmar
International
Share
| 54 | 0 | 0 | 0 |


