ချန်ပီယံ ဧရာဝတီဖက်စ်စီအမျိုးသမီးအသင်းတွင် ရာသီဝက်အငှားစာချုပ်ဖြင့် လာရောက်ကစားသည့် နိုင်ငံခြားသား ကစားသမား (၂) ဦးမှာ စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်သည့်အတွက် အသင်းဖြင့် တရားဝင်လမ်းခွဲလိုက်ပြီဖြစ်သည်။အဆိုပါ ကစားသမား (၂) ဦးသည် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းမှ ဖိလစ်ပိုင်နိုင်ငံသူ အူဘေးနှင့် ဂျပန်နိုင်ငံသူ ကီရာ အိုကာဝါတို့ဖြစ်သည်။လက်ရှိတွင် ၎င်းတို့ (၂) ဦးအနေဖြင့် မိခင် ဖိလစ်ပိုင်ကလပ် Stallion Laguna အသင်းဖြင့် ပြန်လည်ပူးပေါင်းသွားပြီ ဖြစ်ကြောင်း အသိပေးထားသည်။



