back

လီဝန်ဒေါစကီး၏ ဂန္ထဝင်မှတ်တိုင် - ဥရောပထိပ်တန်းလိဂ်များတွင် ၁၅ ရာသီဆက်တိုက် ၁၀ ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့

Feb 08 • 5:09 AM

breaking-news

Myanmar

International

cover

လီဝန်ဒေါစကီး၏ ဂန္ထဝင်မှတ်တိုင် - ဥရောပထိပ်တန်းလိဂ်များတွင် ၁၅ ရာသီဆက်တိုက် ၁၀ ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့

ဘာစီလိုနာအသင်း၏ ဝါရင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး (Robert Lewandowski) သည် ဥရောပထိပ်တန်းလိဂ် (၅) ခုတွင် ၁၅ ရာသီဆက်တိုက် သွင်းဂိုး ၁၀ ဂိုးနှင့်အထက် သွင်းယူန...

ဘာစီလိုနာအသင်း၏ ဝါရင့်တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး (Robert Lewandowski) သည် ဥရောပထိပ်တန်းလိဂ် (၅) ခုတွင် ၁၅ ရာသီဆက်တိုက် သွင်းဂိုး ၁၀ ဂိုးနှင့်အထက် သွင်းယူနိုင်သည့် စံချိန်သစ်ကို တင်ရှိသွားခဲ့သည်။ ဤကဲ့သို့ ခိုင်မာသည့်မှတ်တမ်းမျိုးကို လီဝန်ဒေါစကီးမတိုင်မီ ဂန္ထဝင်ကစားသမားများဖြစ်ကြသော စီရော်နယ်လ်ဒို နှင့် မက်ဆီ တို့သာ ရရှိထားဖူးခြင်းဖြစ်သည်။လီဝန်ဒေါစကီးသည် ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်နှင့် ယခုဘာစီလိုနာအသင်းတို့တွင် ကစားရင်း ဤမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်သည်။ မာယော့ကာအသင်းနှင့်ပွဲတွင် သွင်းယူခဲ့သည့်ဂိုးသည် ၎င်းအား ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ (၁၅) ဦးစာရင်းထဲသို့ ပါဝင်လာစေခဲ့သည်။ ၎င်းသည် ဘာစီလိုနာသို့ ရောက်ရှိလာသည့် လေးရာသီအတွင်း စုစုပေါင်း ၁၁၄ ဂိုး အထိ သွင်းယူထားနိုင်ပြီဖြစ်ကြောင်း သိရပါသည်။

news-view-count-icon

32