back

ထိုင်းရွေးကောက်ပွဲကာလအတွင်း ထိုင်းရောက်မြန်မာနိုင်ငံသားများ အထူးသတိပြုလိုက်နာရန် လမ်းညွှန်ချက်များ ထုတ်ပြန်

Feb 08 • 3:38 AM

breaking-news

Thailand

Local News

cover

ထိုင်းရွေးကောက်ပွဲကာလအတွင်း ထိုင်းရောက်မြန်မာနိုင်ငံသားများ အထူးသတိပြုလိုက်နာရန် လမ်းညွှန်ချက်များ ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနေသည့် ယခုကာလအတွင်း (ဖေဖော်ဝါရီ ၇ ရက် ညနေမှ ၈ ရက် ညနေအထိ) ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အရက်သေစာရောင်းချခြင်းနှင့်...

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပနေသည့် ယခုကာလအတွင်း (ဖေဖော်ဝါရီ ၇ ရက် ညနေမှ ၈ ရက် ညနေအထိ) ထိုင်းရောက်မြန်မာနိုင်ငံသားများအနေဖြင့် အရက်သေစာရောင်းချခြင်းနှင့် သောက်သုံးခြင်းကို ၂၄ နာရီကြာ တားမြစ်ပိတ်ပင်ထားသည့်ဥပဒေအား အထူးဂရုပြုရန်လိုအပ်ပြီး၊ နိုင်ငံရေးဆိုင်ရာ လူစုလူဝေးများအတွင်း သွားရောက်ခြင်း၊ ပါတီအမှတ်အသားပါသော အဝတ်အထည်များဝတ်ဆင်ခြင်းနှင့် လူမှုကွန်ရက်ပေါ်တွင် နိုင်ငံရေးဝေဖန်မှုများပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ကြရန် တိုက်တွန်းထားပါသည်။ ထို့ပြင် လုံခြုံရေးတင်းကျပ်ထားသည့်ကာလဖြစ်သဖြင့် Passport နှင့် Work Permit ကဲ့သို့သော အထောက်အထားများကို အမြဲမပြတ်ဆောင်ထားရန်နှင့် ခရီးသွားလာမှုများတွင် ကြန့်ကြာမှုများရှိနိုင်သဖြင့် ကြိုတင်စီစဉ်ထားကြရန်လိုအပ်ကြောင်း၊ ဥပဒေချိုးဖောက်ပါက ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်များ ချမှတ်ခံရနိုင်သဖြင့် နိုင်ငံခြားသားများအနေဖြင့် နိုင်ငံရေးနှင့်ကင်းရှင်းစွာ အေးအေးဆေးဆေး နေထိုင်ကြရန် အလုပ်သမားအရေးကူညီဆောင်ရွက်သူများက သတိပေးနှိုးဆော်ထားပါသည်။

news-view-count-icon

36