၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် ပရိသတ်စိတ်ဝင်စားမှု အရှိဆုံးစုံတွဲများထဲမှ တစ်တွဲဖြစ်သည့် အနုပညာမောင်နှမ နှစ်ဦးဖြစ်သော ဟိန်းဝေယံနှင့် စိုးပြည့်သဇင် တို့စုံတွဲမှာ အိမ်ထောင်ကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အကယ်ဒမီကော်ဇောနီထက်တွင် အတူတူပွဲထွက်လာခဲ့ကြသည်။ ချစ်သူသက်တမ်း ကြာရှည်စွာဖြတ်သန်းပြီးနောက် အိမ်ထောင်ပြုခဲ့ကြသည့် ၎င်းတို့စုံတွဲသည် ယနေ့ကျင်းပသည့် အကယ်ဒမီပေးပွဲသို့ လိုက်ဖက်ညီလှသည့် ဝတ်စုံဒီဇိုင်းများဖြင့် ကြွကြွရွရွ တက်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ပရိသတ်များနှင့် မီဒီယာများ၏ အာရုံစိုက်မှုကို အထူးရရှိခဲ့ပါသည်။
Feb 08 • 3:17 AM
Myanmar
Naypyidaw
Share
| 37 | 0 | 0 | 0 |


