back

တရုတ်သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် Laura Fernandez ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

Feb 08 • 1:37 AM

breaking-news

China

Local News

cover

တရုတ်သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် Laura Fernandez ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် Laura Fernandez ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ဂုဏ်ပြုသဝဏ်...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် Laura Fernandez ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ကော်စတာရီကာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၈ နှစ်တာကာလတစ်လျှောက်တွင် နှစ်ဖက်ဆက်ဆံရေးသည် အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကဏ္ဍအသီးသီး ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝဖြစ်ထွန်းရာ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း၊ တရုတ်-ကော်စတာရီကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို ယင်းမှာ ဖွံ့ဖြိုးတိုးတက်မှု၏ ယေဘုယျလမ်းကြောင်း၊ ပြည်သူများ၏စိတ်ဆန္ဒ ဖြစ်သည်ကို ဖြစ်ရပ်မှန်များက အပြည့်အဝ သက်သေပြုခဲ့ကြောင်း ဖော်ပြထားသည်။

news-view-count-icon

16