back

မလေးရှားတွင် တရားမဝင် မြန်မာ အလုပ်သမား ၁၀ ဦးဖမ်းဆီးခံရ

Feb 06 • 2:41 AM

breaking-news

Malaysia

Local

cover

မလေးရှားတွင် တရားမဝင် မြန်မာ အလုပ်သမား ၁၀ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ Telok Panglima Garang ရှိ ဆီအုန်းစိုက်ခင်းများအတွင်း လူသူဝေးရာ၌ ဆိုင်းဘုတ်မတပ်ဘဲ ဖွင့်လှစ်ထားသည့် အွန်လိုင်းကုန်ပစ္စည်းပြန်လည်ထ...

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ Telok Panglima Garang ရှိ ဆီအုန်းစိုက်ခင်းများအတွင်း လူသူဝေးရာ၌ ဆိုင်းဘုတ်မတပ်ဘဲ ဖွင့်လှစ်ထားသည့် အွန်လိုင်းကုန်ပစ္စည်းပြန်လည်ထုတ်ပိုးသည့် ဂိုဒေါင်တစ်ခုကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်စီးနင်းခဲ့ရာ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၀ ဦး (အမျိုးသား ၂ ဦး၊ အမျိုးသမီး ၈ ဦး) အပါအဝင် နိုင်ငံခြားသား ၂၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဗီဇာအလွဲသုံးစားလုပ်သူနှင့် သက်တမ်းကျော်နေထိုင်သူများအပြင် ခိုင်လုံသော အထောက်အထားမရှိသူများ ပါဝင်ပြီး၊ စစ်ဆေးမှုအတွင်း နိုင်ငံကူးလက်မှတ်အချို့နှင့် Mercedes Benz ကားတစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ လက်ရှိတွင် ၎င်းတို့အားလုံးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူရန် ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

news-view-count-icon

9