back

ဘန်ဇီးမား၏ ဟက်ထရစ်နှင့်အတူ အယ်လ်ဟီလေ အဝေးကွင်းတွင် ၆-ဂိုးပြတ် အနိုင်ရကာ ဇယားထိပ်တွင် ဆက်လက်ဦးဆောင်

Feb 06 • 2:25 AM

breaking-news

Myanmar

International

cover

ဘန်ဇီးမား၏ ဟက်ထရစ်နှင့်အတူ အယ်လ်ဟီလေ အဝေးကွင်းတွင် ၆-ဂိုးပြတ် အနိုင်ရကာ ဇယားထိပ်တွင် ဆက်လက်ဦးဆောင်

ဝါရင့်တိုက်စစ်မှူး ကရင်ဘန်ဇီးမားသည် ၎င်း၏ခြေစွမ်းမှာ ကျဆင်းသွားခြင်းမရှိသေးဘဲ အဆင့်အတန်းတစ်ခုတွင် ရှိနေဆဲဖြစ်ကြောင်း အယ်လ်ဟီလေအသင်းအတွက် ပထမဆုံးပွဲစဉ်မှာပင် ဟက်...

ဝါရင့်တိုက်စစ်မှူး ကရင်ဘန်ဇီးမားသည် ၎င်း၏ခြေစွမ်းမှာ ကျဆင်းသွားခြင်းမရှိသေးဘဲ အဆင့်အတန်းတစ်ခုတွင် ရှိနေဆဲဖြစ်ကြောင်း အယ်လ်ဟီလေအသင်းအတွက် ပထမဆုံးပွဲစဉ်မှာပင် ဟက်ထရစ် (၃ ဂိုး) သွင်းယူကာ သက်သေပြလိုက်သည်။ မနေ့ညက ယှဉ်ပြိုင်ခဲ့သည့် ဆော်ဒီလိဂ်ပွဲစဉ်တွင် ဘန်ဇီးမားသည် ဟက်ထရစ်အပြင် ဂိုးဖန်တီးမှု တစ်ကြိမ်ပါ ပြုလုပ်နိုင်ခဲ့သဖြင့် အယ်လ်ဟီလေအသင်းသည် အဝေးကွင်း၌ ၆-၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ယခုနိုင်ပွဲကြောင့် အယ်လ်ဟီလေသည် အမှတ်ပေးဇယား အဆင့် (၁) နေရာကို ဆက်လက်ခိုင်မာစေခဲ့ပြီး၊ ဘန်ဇီးမားအနေဖြင့်လည်း မတူညီသည့် အသင်းနှစ်သင်းနှင့်အတူ နှစ်နှစ်ဆက်တိုက် အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ပစ်မှတ်ထားလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

29