ငွေဆောင်ကို လာလည်ကြတဲ့ ခရီးသွားဧည့်သည်တွေကို အလှဓာတ်ပုံရိုက်ပေးရာမှာ နာမည်ကြီးတဲ့ မချိုဝေလွင် (၁၁ နှစ်) နဲ့ မကလားမစိန် (၈) နှစ်တို့ ဖေဖော်ဝါရီလ ၅ ရက်၊ ညနေ ၄ နာရီခွဲကတည်းက ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။စုံစမ်းမှုတွေအရ မိန်းကလေး ၂ ဦးကို ငွေဆောင်နဲ့ ချောင်းသာ ဖြတ်လမ်းဖြစ်တဲ့ ငွေဆောင်နဲ့ သဇင်ရွာကြား တောလမ်းတခုမှာ ညနေ ၆ နာရီခန့် မှောင်စပျိုးချိန်မှာ ခရီးသွားများက တွေ့ရှိခဲ့တယ်လိူ့ သိရပါတယ်။ဒါပေမယ့် လက်ရှိအချိန်ထိ အဖွဲ့များခွဲ၍ လိုက်လံ ရှာဖွေနေပေမယ့် မတွေ့သေးဘူးလို့ သိရပါတယ်။ဆွေမျိုးတွေရှိတဲ့ ရွာတွေကို အကြောင်းကြားခဲ့ပေမယ့်လည်း ရောက်မလာခဲ့ဘူးလို့ သိရပါတယ်။ ထပ်မံ သိရှိရတဲ့ သတင်းတွေကို ဆက်လက်ဖော်ပြသွားပါမယ်။
ငွေဆောင်မှာ ခရီးသွားတွေကို အလှဓာတ်ပုံရိုက်ပေးလေ့ ရှိတဲ့ အသက် ၁၁ နှစ်နဲ့ ၈ နှစ် အရွယ် မိန်းကလေး ၂ ဦး ထူးဆန်းစွာ ပျောက်ဆုံးနေ
Feb 06 • 1:59 AM
Myanmar
Ayeyarwady
Share
| 26 | 0 | 0 | 0 |


