back

စင်ကာပူတွင် အသက် ၈၀ ကျော် အဖိုးအိုတစ်ဦး Yishun တွင် ပျောက်ဆုံးနေမှု ဝန်ကြီးရှန်မူဂမ်နှင့် မိသားစုဝင်များ အကူအညီတောင်းခံ

Feb 05 • 1:40 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် အသက် ၈၀ ကျော် အဖိုးအိုတစ်ဦး Yishun တွင် ပျောက်ဆုံးနေမှု ဝန်ကြီးရှန်မူဂမ်နှင့် မိသားစုဝင်များ အကူအညီတောင်းခံ

စင်ကာပူနိုင်ငံ၊ Yishun မြို့နယ်တွင် နေထိုင်သည့် အသက် ၈၂ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသား အဖိုးအိုတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမြန်ဆုံးကူညီ ရှာဖွေပေးကြပါရန်...

စင်ကာပူနိုင်ငံ၊ Yishun မြို့နယ်တွင် နေထိုင်သည့် အသက် ၈၂ နှစ်အရွယ်ရှိ စင်ကာပူနိုင်ငံသား အဖိုးအိုတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမြန်ဆုံးကူညီ ရှာဖွေပေးကြပါရန် လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ထဲရေးဝန်ကြီး K Shanmugam အပါအဝင် မိသားစုဝင်များက အရေးပေါ် အကူအညီတောင်းခံထားကြပါတယ်။ ပျောက်ဆုံးနေသူမှာ Low Kow အမည်ရှိ အဘိုးအိုဖြစ်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ညနေ ၇ နာရီခွဲဝန်းကျင်အချိန်က Block 101 Yishun Avenue 5 အနီးတွင် နောက်ဆုံးတွေ့ရှိခဲ့ရခြင်း ဖြစ်ပါတယ်။ယခုပျောက်ဆုံးနေသည့် နစ်နာသူ အဘိုးအိုသည် စကားမပြောနိုင်၊ အကြားအာရုံ မရရှိသူ (ဆွံ့အနားမကြား) တစ်ဦးဖြစ်ကြောင်း ၎င်း၏ မြေးတော်စပ်သူက လူမှုကွန်ရက်တွင် အသိပေးထားပါတယ်။ အဆိုပါ အဘိုးအို ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ စင်ကာပူရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ဝန်ကြီး K Shanmugam ကလည်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မိဘပြည်သူများအနေဖြင့် မျက်စိရှင်ရှင်ထားကာ ဝိုင်းဝန်းကူညီ ရှာဖွေပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားတာကို တွေ့ရပါတယ်။

news-view-count-icon

19