back

အမေရိကန်သံရုံးတွင် ရက်ချိန်းယူထားသောနိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုထုတ်ပြန်

Feb 04 • 3:38 AM

breaking-news

Myanmar

International

cover

အမေရိကန်သံရုံးတွင် ရက်ချိန်းယူထားသောနိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုထုတ်ပြန်

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်း ယူထားသော နိုင်ငံကူးလက်မှတ် (Passport) နှင့် ဗီဇာ(Visa) ဝန်ဆောင်မှုများကိ...

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိ အမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်း ယူထားသော နိုင်ငံကူးလက်မှတ် (Passport) နှင့် ဗီဇာ(Visa) ဝန်ဆောင်မှုများကို အခြေအနေ ခွင့်ပြုချက်အရဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန် သံရုံး - ရန်ကုန်က ထုတ်ပြန်အသိပေးထားသည်။လက်ရှိတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ်ဒေါက်ဂလပ်စ် အီးဆောန်နစ် ကတာဝန်ယူလျက်ရှိပြီး ဇန်နဝါရီ လယ်ပိုင်းမှ စတင်၍ တာဝန်ထမ်း ဆောင်လျက်ရှိကြောင်း သိရသည်။အမေရိကန်သံရုံး၏ အသိပေးချက်၌ ဘဏ္ဍာငွေလျာထားမှုအတည်ပြုချက်မရသေးသည့် ကြားကာလ (lapse in appropri-ations) တွင်ပုံမှန်လုပ်ငန်းဆောင် တာများအပြည့်အဝ မဆောင်ရွက်နိုင်သေးသည့်အတွက်ကြောင့် ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ် သတင်းအချက်အလက်များမှအပ သံရုံး၏ Facebook အကောင့်တွင် အကြောင်းအရာ အသစ်များထပ်မံတင်မည်မဟုတ်ကြောင်း အသိပေးထားသည်။

news-view-count-icon

19