back

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းပါဝင်မည်

Feb 04 • 2:07 AM

breaking-news

Myanmar

Naypyidaw

cover

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှု ပြခန်းပါဝင်မည်

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတွင် လုပ်ငန်းရှင်များအတွက် Business Matchi...

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်၌ ကျင်းပမည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲတွင် လုပ်ငန်းရှင်များအတွက် Business Matching Hall ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အစီအစဉ်တွင် MSME ထုတ်ကုန်များကို City Mart၊ Makro၊ G&G ကဲ့သို့သော ပြည်တွင်း လက်လီ/လက်ကား ဆိုင်ကြီးများနှင့် ချိတ်ဆက်ပေးခြင်း၊ ရင်းနှီးမတည်ငွေအတွက် ဘဏ်များနှင့် တွေ့ဆုံပေးခြင်း၊ သီလဝါ SEZ နှင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးခြင်းများကို ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် ဝန်ကြီးဌာန (၉) ခုမှ ပညာရှင်များက ပြည်ပဈေးကွက်ဝင်ရောက်ရန် လိုအပ်သည့် လက်မှတ်များ (Certificates) ရရှိရေးနှင့် E-Commerce စနစ်ဖြင့် နိုင်ငံတကာဝယ်လက်များနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ရေးတို့ကိုပါ ကူညီပေးသွားမည်ဖြစ်သည်။ အဆိုပါပြပွဲကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပါသည်။

news-view-count-icon

32