back

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦးကို ကော့ သောင်းသို့ ပြန်ပို့

Feb 03 • 4:25 AM

breaking-news

Myanmar

Local

breaking-news
cover

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦးကို ကော့ သောင်းသို့ ပြန်ပို့

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦးကိုကော့သောင်းဘက်သို့ ဖေဖော်ဝါရီ ၂ရက်က နေရပ်ပြန်ပို့လိုက်ကြောင်းသိရသည်။ယခု ဇန်နဝါရီလ၌ နှစ်ကြိမ်နေ...

ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦးကိုကော့သောင်းဘက်သို့ ဖေဖော်ဝါရီ ၂ရက်က နေရပ်ပြန်ပို့လိုက်ကြောင်းသိရသည်။ယခု ဇန်နဝါရီလ၌ နှစ်ကြိမ်နေရပ်ပြန်ပို့ခဲ့ရာတွင် မြန်မာနိုင်ငံသား၁၆၈ ဦးကို ပြန်လည်လွှဲပြောင်း ထားပြီးဖြစ်ကာ ဖေဖော်ဝါရီ ၂ ရက်ကထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံ ပြီးနောက်ရနောင်း ထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားအမျိုးသား ၄၃ ဦး၊အမျိုးသမီး၁၅ဦးစုစုပေါင်၅၈ဦးကိုကော့သောင်းမြို့သို့ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းကြောင့် ယခုနေရပ်ပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၂၂၈ဦးကို ပြန်လည်လွှဲပြောင်းခဲ့ပြီးဖြစ်ကာပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသား ၁၇၅ ဦး နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။၂၀၂၅ ခုနှစ်အတွင်းရနောင်းမှ ကော့သောင်းသို့နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ် ရှိခဲ့ပြီးနေရပ်ပြန်ပို့ ခံရသူ ၂၀၇၂ ဦး ရှိခဲ့ကြောင်း သိရသည်။


news-view-count-icon

59