တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့မှ ပြတိုက်များက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ဥရောပအနုပညာပြပွဲကို ၂၀၂၇ ခုနှစ်တွင် ပူးတွဲကျင်းပရန် သဘောတူညီခဲ့ပြီး ရာစုနှစ် ခုနစ်ခုနီးပါးအတွင်းက လက်ရာများကို ပြသမည်ဖြစ်ကြောင်း သိရသည်။၂၀၂၇ ခုနှစ် နွေရာသီတွင် ကျင်းပရန် သတ်မှတ်ထားသည့် အဆိုပါပြပွဲအား စီစဉ်ရန် LOI အဆိုပြုလွှာကို စကော့တလန်အမျိုးသားပြခန်းများ အနုပညာပြခန်း၊ တရုတ်နိုင်ငံအနုပညာပြပွဲများအဖွဲ့နှင့် ကမ္ဘာ့ကုန်စည်ပြပွဲပြတိုက်တို့က ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်း ကမ္ဘာ့ကုန်စည်ပြပွဲပြတိုက်က ဖေဖော်ဝါရီ ၁ ရက်၌ ကြေညာခဲ့သည်။စကော့တလန်အမျိုးသားပြခန်းများ အနုပညာပြခန်းမှ အဖိုးတန်လက်ရာ ၆၀ ကျော်ကို ပြသမည့် အဆိုပါပြပွဲတွင် ၁၃၅၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အထိ ကာလအတွင်း ရီနေးဆွန်းခေတ်၊ ဘာရိုခ်ခေတ်နှင့် ရိုကိုကိုခေတ်မှ ခေတ်သစ်အနုပညာအထိ အဓိကအနုပညာလက်ရာများ ပါဝင်မည်ဖြစ်သည်။
Feb 03 • 1:34 AM
China
Local News
Share
| 11 | 0 | 0 | 0 |


