back

ရန်ကုန်မြို့တွင် အလှည့်ကျစနစ်ဖြင့် တစ်ရက် ၄ နာရီ မီးပြန်ပြတ်မည်

Feb 02 • 10:40 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့တွင် အလှည့်ကျစနစ်ဖြင့် တစ်ရက် ၄ နာရီ မီးပြန်ပြတ်မည်

အလှည့်ကျစနစ်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂ ရက်)စတင်၍ တစ်ရက် ၄ နာရီကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှသိရသည်။တစ်...

အလှည့်ကျစနစ်ဖြင့် ယနေ့(ဖေဖော်ဝါရီ ၂ ရက်)စတင်၍ တစ်ရက် ၄ နာရီကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှသိရသည်။တစ်ရက်လျှင် နံနက် ၉ နာရီ မှ မွန်းတည့် ၁ နာရီထိ တစ်ကြိမ်၊ မွန်းတည့် ၁ နာရီ မှ ညနေ ၅ နာရီထိ တစ်ကြိမ် အုပ်စုအလိုက် ၄ နာရီကြာ အလှည့်ကျ ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊နိုဝင်ဘာလအတွင်း၌ Liquified Natural Gas (LNG) သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း၊ အဆိုပါ သဘာဝဓာတ်ငွေ့တင်သင်္ဘောသည် မဂ္ဂါဝပ် (၇၀၀)ခန့်ကို ရန်ကုန်တိုင်းအတွင်းရှိသည့် သာဓကတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့် သန်လျင်မြို့နယ်ရှိ ဓာတ်အားပေးစက်ရုံတို့ဖြင့် ချိတ်ဆက်ကာ လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေးရန် စီစဉ်ထားပြီး မဂ္ဂါဝပ် (၂၀၀) ကို ကနဦးအနေဖြင့် ဓာတ်အားဖြန့်ဖြူးပေးကြောင်း သတင်းမှတ်တမ်းများအရသိရသည်။




news-view-count-icon

41